ပြင်ဦးလွင်မှာ ဇာတ်လမ်းတွဲရိုက်ကူးနေတဲ့ ပုံရိပ်လေးတွေ ချပြလာတဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေ

280

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့မင်းသမီးကြီးဝါဝါဝင်းရွှေက ပြင်ဦးလွင်မှာ ဇာတ်လမ်းတွဲရိုက်ကူးနေတဲ့အကြောင်းကိုအခုလိုပြန်လည် ပြောပြလာခဲ့ပါတယ်နော်။




မင်းသမီးကြီးဝါဝါဝင်းရွှေက လှပလွန်းတဲ့ပြင်ဦးလွင်မြို့လေးကတော့ အေးမြလွန်းတဲ့ ဆောင်းငွေ့တွေနဲ့အတူနေ့စဥ်ကြိုဆိုလျက်ပေါ့၊ ဆောင်းညပြာသို ဗီဒီယိုထုတ်လုပ်ရေး ရဲ့ စီးရီးဇာတ်လမ်းတွဲလေးက အမှတ်တရ နွေ တဲ့၊ ဒါရိုက်တာက ဝင်းလွင်ထက်ရဲ့ညွှန်ကြားပြသမှုအောက်မှာပြေးလွှားဆော့ကစားနေကြသူများ၊ အန်တီဝါနဲ့အတူ ငွေနှင်းလွှာလေးတွေလို့ချစ်စဖွယ်ခလေးသုံးဦးကတော့ ၊ အဲဗရက်စ်မိုး၊ဝင်းခန့်မိုး နဲ့ သိမ်မွေ့သံစဥ် ဆိုတဲ့သရုပ်ဆောင်လေးများပါဘဲ။




အနုပညာဇာတ်ခုံပေါ်မှာ နောင်တချိန် ထွန်းတောက်လာကြမဲ့ ကြယ်ပွင့်လေးတွေဖြစ်ကြမှာ ဧကန်မလွဲတော့ပါ ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။