မထင်မှတ်ဘဲ ပြန်တွေ့ခဲ့ရတဲ့ အဆိုတော်ကြီး အင်္ဂလန်စိန်အကြောင်း ပြောပြလာတဲ့ အဆိုတော် ကော်နီ

387

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့အဆိုတော်ကော်နီက မထင်မှတ်ဘဲ ပြန်တွေ့ခဲ့ရတဲ့ အဆိုတော်ကြီးအင်္ဂလန်စိန်အကြောင်းအခုလိုပြန်လည် ပြောပြလာခဲ့ပါတယ်နော်။ အဆိုတော်ကော်နီက မကော်မင်္ဂလာပွဲ Wedding Dinner ပွဲတွေ မဆိုဖြစ်တာ ၃နှစ်ကျော်ပြီပေါ့၊ ကျန်ခဲ့တဲ့တပတ်ကတော့ မငြိမ်း(အင်္ဂလန်စိန်)Aces Band က ချိန်းတဲ့အခါ ဒီအမတွေကို တွေ့ချင်လွန်းလို့ ပွဲထွက်ဆိုခဲ့ပါတယ်၊ ကိုယ့်အမအသံကိုမကြားရတာကြာပြီမို့ နားထောင်လို့ကောင်းလိုက်တာဆိုတာ။




မကော်ငယ်စဉ်က အားကျခဲ့ရတဲ့အဆိုတော်ဆိုရင် ငြိမ်းငြိမ်းအိဆိုတဲ့(အင်္ဂလန်စိန်) ပါဘဲ၊ မငြိမ်းကလည်းအသက်ငယ်ငယ်လေးနဲ့ မင်းသမီးအဆိုတော်ဖြစ်ခဲ့သူပါ၊ အကယ်ဒမီဆုပါရလိုက်သေးတာ၊ ကိုယ်တိုင်ကလည်းအသံလုံးကြီးသူမို့ အပျော်တမ်းတေးသံရှင်ဘဝမှာတုန်းက မငြိမ်းသီချင်းနဲ့ မပုလဲ”မနော်လီဇာ”တို့ရဲ့သီချင်းတွေကိုဘဲ တရှိုတ်မက်မက်သီဆိုခဲ့ရတာမျိုးပါ။




ဒီထက်မအိုကြသေးခင် ကိုယ်ချစ်ရတဲ့အမနဲ့ သီချင်းသစ်လေးတပုဒ်လောက်တွဲဆိုချင်ပါသေးတယ်နော်၊ ကျွန်တော့်အတွက်တော့ ဒီအမတွေအကိုတွေက အသက်ကြီးလေ တန်ဘိုးကြီးလေပါဗျာ ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။