ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက သတင်းအမှားများအတွက် သူမ မပြောခဲ့ကြောင်းကိုအခုလို ပြန်လည်ရှင်းပြလာခဲ့ပါတယ်နော်။
သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက နန်းမြတ်တော်ရုံဆိုဒီလိုအတင်းအဖျင်းpageတွေကိုအဖတ်လုပ်လေ့မရှိပါဘူး၊ ဒီတခုကတော့ဂုဏ်သိက္ခာကိုစော်ကားပီး အောက်တန်းကျတဲ့အဆင့်ကိုရောက်နေလို့ပြောမှဖြစ်မယ်ထင်လို့ပြောတာပါ၊ မပြောပဲငြိမ်နေရင်အမှားကအမှန်ထင်နေကြမှာစိုးလို့ပါ၊ ဒီလိုမေးခွန်းမျိုးကိုဘယ်မီဒီယာကမှလဲမမေးသလို နန်းမြတ်လဲဘယ်တုန်းကမှမပြောပါဘူး။
လူတစ်ယောက်ကိုအဲ့လိုစော်ကားချင်တိုင်းစော်ကားတာကတော့အဆင့်နိမ့်ကျလွန်းပါတယ်၊ Click-bait တွေကဝင်ဖတ်တဲ့သူများရင်ပိုက်ဆံရတယ်ဆိုတာနားလည်တယ်၊ ဒါပေမယ့်ခုလိုအောက်တန်းကျတဲ့ခေါင်းစဉ်နဲ့စီးပွါးရှာတာကတော့လက်ခံစရာအကြောင်းမရှိပါဘူး၊ သည်းခံတာအတိုင်းအတာရှိပါတယ် ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။