ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့မင်းသမီးကြီးမေဝင်းမောင်က တစ်ချို့ Commentတွေက သမီးလေးရဲ့ ရုပ်ရည်ကိုကြည့်ပြီး မကောင်းပြောကြလို့ စိတ်မကောင်းဖြစ်ကြောင်းကိုအခုလိုပြန်လည် ပြောလာခဲ့ပါတယ်နော်။ မင်းသမီးကြီးမေဝင်းမောင်က မနေ့က သမီးမေသန္ဒီ က သူ့ကျောင်းမှာတင်ဖို့ စာစီစာကုံးရေးတော့ ကျမရဲ့သမီးအနေနဲ့သူ့အတွေ့အကြုံတွေနဲ့ခံစားမှု တွေကိုရေးရာက reference အနေနဲ့ ကျမနဲ့သူအရင်ကသီချင်းတူတူဆိုထားတဲ့ YouTube video တစ်ခုက comments တွေကို ဖတ်ပါတယ်၊ တစ်ချို့မြန်မာစာလုံးတွေက fonts တွေမတူတော့လို့ သဲသဲကွဲကွဲဖတ်လို့မရတော့လို့ ကျမကို လာမေးပါတယ်။
အဲဒီမှာကျမလည်း အရင်ကအမှတ်တမဲ့ နဲ့မဖတ်ဖြစ်ခဲ့တာကော ဖတ်ဖြစ်ခဲ့ပေမဲ့ သေချာခေါင်းထဲမထားခဲ့တာတွေရော ပြန်တွေ့ပါတယ်၊ Comments တစ်ချို့က သမီးလေးအတွက်အတော်လေး စိတ်မကောင်းစရာပါပဲ၊ ကျမအနေနဲ့က ဒီအသက်အရွယ်ထိရောက်ခဲ့ပြီမို့ ကိုယ့်ကိုချစ်သူရောမုန်းသူပါရှိနိုင်တာသိပြီးသားမို့ ရေးသားပြောဆိုကြတာကို အထူးအထွေမခံစားပဲ မေ့ပစ်နိုင်ပေမယ့် နုနယ်တဲ့နှလုံးသားပိုင်ရှင် သမီးကလေးအတွက်စိတ်မကောင်းဖြစ်မိပါတယ်။
US မှာကြီးပြင်းပေမယ့် သမီးလေးက မြန်မာစာဖတ်တတ်ပါတယ်၊ တစ်ချို့အဓိပ္ပါယ်တွေကိုသူမရှင်းရင်ကျမကိုမေးပါတယ်၊ ကျမလည်း ညာလို့မရလို့အမှန်အတိုင်းပဲပြောပြရပါတယ်၊ ဒါတွေကိုအလေးအနက်မထားဖို့ပြောရပေမယ့် ကျမအကြံပြုချက်ဘယ်လောက်အထိအောင်မြင်မလဲမသေချာပါ၊.လူတွေမှာကိုယ်ချင်းစာတရားတွေပိုပြီးပြည့်ဝလာကြပါစေလို့ပဲဆုတောင်းမိပါတယ် ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။